ဒစ်ဂျစ်တယ်ထိခိုက်နစ်နာမှုမှ ပြန်လည်နာလန်ထူနိုင်ရေး အထောက်အကူပြုလမ်းညွှန်

အွန်လိုင်းပေါ်မှတဆင့် ထိခိုက်နစ်နာမှုများ ခံစားရခြင်းဟာ အလွန်စိတ်သောကရောက်စရာ ကောင်းပါ တယ်။ ဒါ့အပြင် သင်ဟာတစ်ဦးထဲ အကူအညီမဲ့နေသည်ဟုပင် ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သင်တစ် ယောက်တည်းမဟုတ်ပါဘူး။ ထိခိုက်နစ်နာမှုကိုရပ်တန့်ရန်နှင့် ၎င်းမှပြန်လည်နာလန်ထူရန် လုပ်ဆောင် နိုင်သော အရာများရှိပါတယ်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ကျွန်မတို့က လမ်းညွှန်ပေးမှာ ဖြစ်ပါ တယ်။

၁။ သင့်ကိုယ်သင် ဦးစားပေးပါ

အွန်လိုင်းအလွဲသုံးမှုသည် စိတ်ဒဏ်ရာရစေနိုင်ပါတယ်။ စိတ်ထဲမှာ သိထားရမည့်အချက်တစ်ချက်မှာ “သင်ကိုယ်တိုင်ကသာ အဓိကဦးစားပေးဖြစ်ပါတယ်” ဆိုသောအချက်ဖြစ်ပါတယ်။ သင့် တိုက်ခိုက်ခံရ ခြင်းသည် သင့်အမှားမဟုတ်ပါဘူး။ သင်မည်သို့ပင် ဆုံးဖြတ်လုပ်ဆောင်သည်ဖြစ်ပါစေ သင့်ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံမှုသည် ပထမဦးစားပေးဖြစ်သည်ကို သတိရပါ။

သင့်ကိုယ်သင်မေးပါ-

  • ပထမဆုံးအနေနဲ့ သင် ရုပ်ပိုင်းဆိုင်ရာအရ ဘေးကင်းသည်ဟု ခံစားရပါသလား? မဟုတ်ပါက အာဏာပိုင်များ (တာဝန်ရှိသူများ) ကို ဆက်သွယ်ရန် သို့မဟုတ် အခြားနေရာသို့သွားရန် လိုအပ် ပါသလား?

  • အကူအညီရရှိရန်အတွက် ဆက်သွယ်နိုင်သော မိတ်ဆွေများ သို့မဟုတ် မိသားစုဝင်များ ရှိပါသ လား?  သင် ခံစားနေရသည်များကို မျှဝေခြင်းသည် အကူအညီကောင်းတစ်ခု ဖြစ်နိုင်ပါ တယ်။

တစ်ခါတစ်ရံတွင် သင်ဟာ ရှေ့ဆက်ရန် သို့မဟုတ် အနားယူရန်အတွက် လူမှုကွန်ယက်မီဒီယာမှ ခေတ္တ ခဏအနားယူခြင်း သည် သင့်အတွက် လိုအပ်သည့်အရာ ဖြစ်နိုင်ပါတယ်။ မည်သို့လုပ်ရမည်ကို မသေချာပါက အောက်ပါတို့ကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ-

  • သတိပေးချက်များ (alerts) ကိုပိတ်ပြီး သင့်ဖုန်းကို အဝေးမှာဖယ်ထားလိုက်ပါ။

  • လူမှုမီဒီယာအက်ပ်များကို ဖျက်ပစ်လိုက်ပါ။ နောက်မှ လိုအပ်ပါက ပြန်လည်ဒေါင်းလုတ်လုပ်နိုင် ပါတယ်။

၂။ ရပ်တန့်ခြင်းနှင့် ပိတ်ဆို့ခြင်း

သင့်ကို အွန်လိုင်းပေါ်တွင် တစ်စုံတစ်ယောက်က တိုက်ခိုက်နေပါက ထိုတိုက်ခိုက်မှုကို ချက်ချင်းရပ်တန့် စေရန် နည်းလမ်းတစ်ခုမှာ ၎င်းတို့နှင့် အဆက်အသွယ်ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်ပါတယ်။ ၎င်းတို့ သည် သင့်ကို ဆက်သွယ်၍မရပါက ထိခိုက်အောင် မလုပ်နိုင်ပါ။

  • သူတို့ပြောသည်များကို ပြန်လည်မတုံ့ပြန်ပါနှင့်။ သင့်ကို (သို့မဟုတ်) သင့်အကြောင်း မက်ဆေ့ချ် များစွာပို့ကာ နည်းအမျိုးမျိုးဖြင့် ဆက်သွယ်ရန် ကြိုးစားနေပါသော်လည်း မက်ဆေ့ချ်များကို ပြန်မဖြေပါနှင့်

  • ခြိမ်းခြောက်မှုများ ပြုလုပ်နေပါက သို့မဟုတ် ငွေညှစ်နေပါကပင် ၎င်းတို့အား ပြန်လည်ဖြေကြား ခြင်းကို မပြုလုပ်ပါနှင့်။ ခြိမ်းခြောက်မှုများ ပြုလုပ်နေပါက ရဲကို အကူအညီတောင်းရန် လိုအပ် နိုင်ပါတယ်။

  • ၎င်းတို့ကို လူမှုမီဒီယာအက်ပ်များ သို့မဟုတ် မက်ဆေ့ချ်ပို့သည့် ပလက်ဖောင်းများတွင် ပိတ်ဆို့ လိုက်ပါ။

  • ဤပြဿနာကို ဖြေရှင်းနေစဉ်အတွင်း လူမှုမီဒီယာပို့စ်များတင်ခြင်းကို ခေတ္တရပ်နားထားပါ။ နောက်ပိုင်းတွင် ပြန်လည်အသုံးပြုနိုင်ပါတယ်။

မှတ်ချက်။ တစ်စုံတစ်ယောက်က သင့်အကောင့်တစ်ခုခုကို လုယူထိန်းချုပ်ထားပါက ထိုအကောင့်ကို ဖွင့်ထားသည့် ပလက်ဖောင်း (platform) သို့ ဆက်သွယ်ခြင်း သို့မဟုတ် သူငယ်ချင်းတစ်ဦးဦးကို ဆက် သွယ်ခိုင်း၍ အမြန်ဆုံး ရပ်ဆိုင်းပစ်ရမည် ဖြစ်ပါတယ်။ လုံခြုံမှုရှိစေရန် သင့်တွင်ရှိသော အခြား အကောင့်များအားလုံးကို စစ်ဆေးပြီး စကားဝှက်များကို ပြောင်းလဲအသုံးပြုပါ။

၃။ မှတ်တမ်းတင်ခြင်းနှင့် တိုင်ကြားခြင်း

ထိခိုက်နစ်နာစေသော မက်ဆေ့ချ်များ သို့မဟုတ် ပုံများကို ပြန်လည်ကြည့်ရှုရန် ခက်ခဲနိုင်သော်လည်း မှတ်တမ်းထားရှိခြင်းသည် ပြစ်မှုကျူးလွန်သူအား အရေးယူဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေ ပါတယ်။ သင့်အတွက် စိတ်ဖိစီးမှုများလွန်းပါက ဆက်လက်မလုပ်ဆောင်မီ ခေတ္တနားရန် မမေ့ပါနှင့်။

  • သင်တွေ့ရှိနိုင်သမျှ ထိခိုက်နစ်နာစေသော မက်ဆေ့ချ်များ သို့မဟုတ် ပို့စ်များအားလုံးကို ဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် စခရင်ရှော့ခ် (screenshots) ရိုက်ယူပါ။

  • Android နှင့် iPhone တို့ဖြင့် စခရင်ရှော့ခ် မည်သို့ရိုက်ရမည်ကို အကူအညီလိုအပ်ပါက ဤနေရာ တွင် ရှာဖွေနိုင်ပါတယ်။

  • စခရင်ရှော့ခ်များတွင် သင့်ကို တိုက်ခိုက်သော အကောင့်အမည်များပါဝင်ရန် သေချာမှုရှိပါစေ။ သင်ရနိုင်သည့် ဝက်ဘ်လိပ်စာများ (web addresses) အားလုံးကိုလည်း ရယူထားရန်လိုအပ် ပါတယ်။

အထောက်အထားများ စုဆောင်းပြီးသည်နှင့် ပလက်ဖောင်းများသို့ တိုင်ကြားနိုင်ပါတယ်။ ပလက် ဖောင်းတစ်ခုစီတွင် ၎င်းတို့၏ တိုင်ကြားမှုလုပ်ငန်းစဉ်များ ရှိပါတယ်။ အသေးစိတ် အဆင့်ဆင့် လမ်းညွှန်ချက်များကို သိလိုပါက ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီရင်ခံတင်ပြခြင်း (တိုင်ကြားခြင်း) လမ်းညွှန် တွင် ကြည့်ရှုနိုင်ပါသည်။

၄။ ပြောပြတိုင်ပင်ခြင်း

ပြောပြတိုင်ပင်ခြင်းသည် အထောက်အကူပြုပါတယ်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေနှင့် ပတ်သက်၍ သင် ဘာလုပ်သင့်သည်ဆိုသည်ကို အကြံဉာဏ်ရယူရန်နှင့် သင့်စိတ်ခံစားမှုများကို ဖြေရှင်း နိုင်ရန် ကူညီပေးမည့်သူတစ်ဦး လိုအပ်သည့်အခါတွင် ပြောပြခြင်းက အကူအညီဖြစ်စေပါတယ်။

သင့်လူမှုအသိုင်းအဝိုင်းပြင်ပတွင် စိတ်ချလုံခြုံသောနေရာတစ်ခု လိုအပ်ပါက သို့မဟုတ် ဘာလုပ်ရမှန်း မသိဖြစ်နေပါက ကျွန်မတို့နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ တယ်လီဂရမ် (telegram) မှတစ်ဆင့် t.me/stoponlineharm တွင် "hi" ဟု စာပို့လိုက်ပါ။

သင့်တွင် ကုထုံးပညာရှင် (therapist) တစ်ဦးရှိပါက သင်၏အတွေ့အကြုံက သင့်အပေါ် မည်သို့သက် ရောက်မှုရှိကြောင်း ၎င်းတို့နှင့် ပြောဆိုဆွေးနွေးရန် လိုအပ်နိုင်ပါတယ်။

ထို့အပြင် ဖြစ်ပျက်ခဲ့သည်များကို သင်နှင့်ရင်းနှီးသော မိတ်ဆွေများ သို့မဟုတ် မိသားစုဝင်များနှင့်လည်း သင် မျှဝေချင်ပါမှာ။

၅။ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း

အွန်လိုင်းတိုက်ခိုက်မှုများသည် ထိခိုက်နစ်နာစေသည့်အပြင် တရားမဝင်သော လုပ်ရပ်များ ဖြစ်ပါတယ်။ သင်သည် ဒေသဆိုင်ရာ အာဏာပိုင်များ သို့မဟုတ် ဥပဒေရေးရာအဖွဲ့အစည်းများနှင့် ပြောဆိုတိုင်ပင်နိုင် ပါတယ်။ သင်စုဆောင်းထားသော အထောက်အထားများသည် ဤနေရာတွင် အမှန်တကယ် အသုံးဝင်ပါ တယ်။ အထူးသဖြင့် သင်သည် လိမ်လည်လှည့်ဖြားမှု၏ သားကောင်ဖြစ်ခဲ့ပါက အရေးကြီးပါတယ်။

  • အခြားဥပဒေအရ အရေးယူဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်း သင်သည် ရှေ့နေနှင့်တိုင်ပင် ဆွေးနွေးလိုပေလိမ့်မည်။

  • တိုက်ခိုက်မှုကို နောက်တွင်ချန်ရစ်ထားခဲ့ပြီး ပြန်လည်နာလန်ထူနိုင်ရေးလမ်းကြောင်းပေါ်သို့ သင် ရောက်ရှိလာပါလိမ့်မည်။ ထိုအချိန်သည် ဒစ်ဂျစ်တယ်ဘေးကင်းရေး အကြံပြုချက်များကို တစ်ဖန်ပြန်လည် သုံးသပ်ရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ဘယ်ကစရမှန်းမသိဖြစ်နေပါက ကျွန်မတို့ထံ ဆက်သွယ်နိုင်ပြီး ဒေသတွင်းအကူအညီပေးရေး သို့မဟုတ် ဥပဒေရေးရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးနိုင်ပါတယ်။ တယ်လီဂရမ် t.me/stoponlineharm မှတစ်ဆင့်မက်ဆေ့ချ်ပေးပို့နိုင်ပါတယ်။

လိုတဲ့အခါ မမှတ်မိမှာဆိုးရင် offline မှာပြန်ဖတ်ဖို့ pdf ဒေါင်းထားလိုက်နော်။

Download မြန်မာဘာသာ PDF